မြန်မာသံစဉ် မန္တလေးသား စန္ဒရား ထက်လူဦး အနုပညာ




"စန္ဒရား ထက်လူဦး ရဲ့  T.L.O (Studio) Home Studio ဖွင့်ပွဲကျင်းပ"
=====================================
မန္တလေး အောက်တိုဘာ

မန္တလေးမြို့ ချမ်းအေးသာစံမြိုနယ်  ကံကောက်ရပ်ကွက်တွင် တေးရေး
ဆရာစန္ဒရား ထက်လူဦး၏နေအိမ်တွင် T.L.O (Studio) Home Studio ဖွင့်ပွဲဖြစ် ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ကျင်းပခဲ့ပါတယ်။

မနံနက်ပိုင်းမှ သံဃာတော်ရှင်သူမြတ်တို့အား  အာရုံဆွမ်းများကပ်လှူပြီး သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းကာ စန္ဒရား ထက်လူဦး၏  T.L.O (Studio) Home Studio ကို စတင်မိတ်ဆက်ဖွင့်လှစ်ခဲ့ပါတယ် ၎င်းဖွင့်ပွဲတွင် တေးသံရှင် သျှားလူ၏တစ်ကိုယ်တော်တေးအယ်ဘမ်းတွင် တေးရေး စန္ဒရား ထက်လုဦးက တစ်ဦးတည်း
ရေးသားခဲပြီးလဂီတမှူး ထက်လူဦး ကိုယ်တိုင် တီးခတ်ပြီး   T.L.O (Studio) Home Studio တွင် အသံသွင်းထားကြောင်းသိရသည်။

တေးရေး ဂီတသက်တမ်းနှစ်(၃၀)ပြည့်ပြီး ဂီတ သက်တမ်းတလျှောက်
တွင် တေးသံရှင် ထားသီချင်းခွေများကိုစီစဉ်ရေးသားသူတစ်ဦးဖြစ်ပြီး
ဂီတဆိုင်ရာ စာပေဆောင်းပါးများရေးသားခဲခြင်းမြန်မာသံ

စဉ်ဂီတ အနုသုခုမလောကကို ယုံယုံကြည်ကြည်နဲ့ ဖြတ်သန်းခဲ့သူတစ်ဦးဖြစ်ကြောင်းသိရသည်။

မြန်မာအနုပညာတေးဂီတ ဆိုင်လောက အနုပညာတေးသံရှင်များအတွက် ဆိုင်းမင်းသမီးလေး ပုန်းညဏ်ဖြူ  ကလေးအဆိုတော် ရဲရင်အောင်  ခေတ်သစ် သိန်းဇော် ကောင်းထက်(မြန်မာဆိုင်း) စောင်း ဆွေဆွေနိုင် ။ ဇော်မျိုးထက် ။မြင်မိုရ် ။တေးသံရှင် အိချောမွန် မက်းရှင်သန့် တို့အတွက် မြန်မာတေးသီချငိးများကောင်းများအထူးရေးသား
တီးခတ်ပေးကာ မြင့်ခြံမြို့နယ် သိမ်ရွာ သမိုင်ဝင် သိမ်တော်ရှင် ဘုရား
သမိုင်သီချင်းခွေများအစရှိသည့် ဓမ္မတေး များကိုရေးသားပူဇော်ခဲပြီး
ယခုလက်ရှိတွင်တေးသံရှင်သျှားလူ၏ တေးအယ်ဘမ်ကို ဆရာထက်လူဦးက တစ်ကိုယ်တော်ရေးသားကာ ဂီတမှူးအဖြစ်တီးခတ်ပေးကာ  T.L.O (Studio) Home Studioအတွင် ယနေ့စတင်၍အသံသွင်းပေးလျှက်ရှိကြာင်းသိရသည်။

စိုင်းထူးခန့် 

Comments

Popular posts from this blog

Amarapura Tv Channel ကြော်ငြာများလက်ခံ