မြန်မာနိုင်ငံသတင်းစာအသင်းတတိယအကြိမ်မြောက်သက်ကြီးပူဇော်ပွဲကျင်းပမည်
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မန္တလေးတိုင်းဒေသ
ကြီး)၏ တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ"
======================================
အောက်တိုဘာ(၂၀)၊မန္တလေး
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊၇၁လမ်း၊၂၇လမ်းနှင့်၂၈လမ်းကြားရှိ Shwe Cafeတွင် အောက်တိုဘာလ(၂၀) ရက် နံနက်၁၁နာရီ မှ၁၂နာရီ၃၀မိနစ်အထိ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)၏ တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် လာမည့် နိုဝင်ဘာလ၁၀ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ပြီး ဖိတ်ကြားမည့်သူ စာရင်းပြုစုရေးနှင့်ဖိတ်စာ/ဗီနိုင်းပြုလုပ်ရေး၊အခမ်းအနားပြင်ဆင်ရေး၊ဖိတ်ကြားရေးနှင့်ကြိုဆိုရေး၊ဧည့်ခံကျွေးမွေးရေး အစရှိသော ကော်မတီများကို ဖွဲ့စည်းခဲ့ကာ၊အသက်(၇၅)နှစ်နှင့်အထက်သက်ကြီး သတင်းစာဆရာ(၈)ဦးအား
ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗ ဟိုအထွေထွေအတွင်းရေးမှူးဦးကျော်ကျော်မိုး၊မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)မှ အသင်း
ဥက္ကဋ္ဌဦးမျိုးမင်းမင်း၊ဒုတိယဥက္ကဋ္ဌဦးဟန်သန်းနိုင်၊အတွင်းရေးမှူးဦးသန့်ဇင်ထွန်း၊အသင်းအလုပ်အမှုဆောင် များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)၏ တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို လှူဒါန်းလိုသောသူများအနေဖြင့် အသင်းဥက္ကဋ္ဌဦးမျိုးမင်းမင်း
ဖုန်းနံပါတ် ၀၉၇၈၃၄၅၄၈၆၀၊အသင်းအတွင်းရေးမှူးဦး သန့်ဇင်ထွန်းဖုန်းနံပါတ်၀၉၇၈၃၅၇၃၃၈၉၊အသင်းဘဏ္ဏာ
ရေးမှူးဦးအောင်မြင့်မြတ်ဖုန်းနံပါတ် ၀၉၉၇၂၉၂၉၈၈၈၊အသင်း အလုပ်အမှုဆောင်ဦးမင်းကိုကို ဖုန်းနံပါတ် ၀၉၉ ၆၀၉၂၀၉၂၃စသည်တို့တွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
စိုင်းထူးခန့်
Comments
Post a Comment