သရဲည ပျော်ရွင်ဖွယ်ရာ ဖျော်ဖြေပွဲကြီးမန္တလေးတွင်ကျင်းပ

"The RAVE Entertainment " မန္တလေးမြို့တွင် ဖျော်ဖြေရေးဝန်ဆောင်မှုများကို အပြည့်အဝ တာဝန်ယူပေးနေသော အဖွဲ့အစည်းက
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၁ နေ့တွင် The Rave ရဲ့ Halloween Festival Music Festival ကြီးကျင်းပမည်"
====================================
မန္တလေး အောက်တိုဘာ ၂၀

မန္တလေး အောင်မြေသာစံမြို့နဟ် ၆၃လမ်း၂၂လမ်းရှိ Spice Garden Restaurant Hotel By The Red Canalတွင်
The Rave Entertainmentမှ ကြီးမှူးကျင်းပသော The Rave Halloween Festival 2018 အောက်တိုဘာလ ၃၁
ရက်နေ့တွင် ကျင်းပမည်အကြောင်းမိတ်ဆက်ပွဲံပြုလုပ်ခဲ့ပါတယ်။

The Rave ရဲ Halloween Festival ဆိုတာ တစ်နှစ်မှ တစ်ခါ ကျင်းပတဲ့ Music Festival ပျော်ပွဲရွင်ပွဲကြီး ကို အလွာပေါင်းစုံ လူပေါင်းစုံ လုငယ်များစုဝေးကြပြီ စိတ်ဖိစည်းမှုများ လုပ်ငန်းတာဝန်များမှ တစ်ခဏတာခွဲခွာပြီး စည်းစည်းလုံးလုံးစိတ်လွတ်ကိုယ်လွတ်
ပျော်ရွင်စွာပါဝင်ဆင်နွဲကြတဲ ပွဲတော်ကြီးဟာ ငရဲည အထိမ်းအမှတ်
ထူးခြားအစီအစဉ်များဖြင့် ပွဲလာသူတွေဟာ သရဲပုံ ဝတ်စုံလေးတွေဝတ်လာကြပြီ ပွဲလာသူတွေကို သရဲမိတ်ကပ်များ ပြင်ဆင်ပေးကာ
နိုင်ငံတကာအဆင့်မှီ အမြင့် ၄၅ ပေ နှင့်အရှည်ပေ ၁၆၀ ရှိသော စတိတ်စင် အကြီးစားကြီးနဲ့အတူ အမိုက်စား DJ များနှင့် မျက်လှည့်ဖျော်ဖြေရေးအစီအစဉ်တွေပါဝင်ကာ လက်မှတ်များကတော့ GA 25000
ကျပ်နှင့် VIP 40000 ကျပ်တို့ဖြစ်ပြီး လက်မှတ်များရောင်းချပေးလျှက်ရှိပါတယ် လက်မှတ်များရရှိနိုင်သောနေရာများမှ လမ်း၈၀ ၃၁လမ်း၃၂လမ်းရှိ I Love IT Fashion နှင့် ၇၃လမ်း ၃၅x၃၆ ကြား
အေးမေတ္တာမျက်မှန်ဆိုင် မင်္ဂလာမန္တလေး Blocj-7 Unit-6 Wood Street. Royal Closet Fashion Shop
၃၄လမ်း ၈၃x၈၄ကြား S.Aung Win (Chemistry)
၃၁လမ်း ၈၃x၈၄ ကြား Major Tickets မန္တလေးမြို့တွင် ရောင်းချပေးလျှက်ရှိကြောင်းသိရသည်။

Comments