အမှုပိတ်ပေးစေရန် ဘိုဘိုနီ (မိုးကုတ်)
https://youtu.be/WsRFPJ9oJuQ
မိတ်ကပ် Artist ဘိုဘိုနီ(မိုးကုတ်) ကို အလှကုန်ပစ္စည်း ကုမ္ပဏီ တစ်ခုက ငွေကြေးအလွဲသုံးစားမှုဖြင့်ပုဒ်မ (၄၀၈)ဖြင့်စွပ်စွဲမှုအား အမြန်ဆုံး ပြန်ပိတ်စေလို
=====================================
မန္တလေး၊ အောက်တိုဘာ ၂၁
မန္တလေးမြို့ က နိုင်ငံကျော် မိတ်ကပ် Artist ဘိုနီ (မိုးကုတ်) ကို အလှကုန်ပစ္စည်း ကုမ္ပဏီ တစ်ခုက ငွေကြေးအလွဲသုံးစားမှုဖြင့်ပုဒ်မ (၄၀၈)ဖြင့်စွပ်စွဲမှုအား အမြန်ဆုံး ပြန်ပိတ်စေလိုကြောင်း နိုင်ငံကျော်
မိတ်ကပ်ပညာရှင် ဘိုဘိုနီ(မိုးကုတ်)ပြောသည်။
" ဘိုနီဘဝတစ်လျှောက် အမဲစက်ဆိုတာမရှိဘူး ဘိုနီမိတ်ကပ်ပညာနဲ့
ဒီဘဝရောက်လာအောင် အခက်အခဲများစွာနဲ့ ကြိုးစားခဲ့ရတာ အခုဘိုနီ
အပေါ်မတရားအမှုဆင်ပြီး တရားစွဲထားတာဟာ လုံးဝမဟုတ်ဘူး ဘိုနီ
စေတနာထားပြီး လုပ်ပေးတဲ့ ကိစ္စ ဘိုနီအပေါ် အခုလိုလုပ်တာ မကောင်းဘူး အဲဒါက သူတို့ဘက်က တစ်ဖက်သက်စွပ်စွဲချက်ပါ။ ဘယ်လိုစွပ်ချက်လဲဆိုတော့ AMAZING BEAUTY COSMETICS Company ကနေ ဘိုနီကို ဝန်ထမ်းတစ်ယောက်က သူတို့ရဲ့ငွေကြေးတွေ လိမ်လည်လှည့်ဖြားပြီး သုံးစွဲထားတယ်ဆိုပြီး ပုဒ်မ ၄၀၈ နဲ့တရားစွဲထားတယ်ဆိုပြီး၊ ၂၀၁၈ခုနှစ် စတင်ဘာ ၂၃ ရက်နေ့ ည ၉ နာရီမှာ ဘိုနီ့အိမ်ကို ရဲတွေနဲ့ရောက်လာပြီးတော့ ကိုဘိုဘိုနီရှိလားလိုမေးတယ်။ ဟုတ်ကဲ့ ကျွန်တော်ပါလိုဖြေခဲ့တယ်။ ကိုဘိုနီ့ကိစ္စ ဒီလိုဒီလိုကိစ္စတိုင်ခံထားရလိုပါပြောတယ်။ စစ်ဆေးခံရအောင် ရဲစခန်းလိုက်ခဲ့ပါပြောတဲ့အချိန်မှ ဘိုနီ့ကို အဲဒီပုဒ်မနဲ့တရားစွဲရအောင် ဘိုနီကသူကုမ္ပဏီက ဝန်ထမ်းလည်း မဟုတ်ပါဘူး။ ဘိုနီ့ကို အဲဒီလိုတရားစွဲရအောင် ဝန်ထမ်းခန့်အပ်တုန်းက CV ပြပါ။ လစဉ် လခထုတ်ပေးသည့်လက်မှတ်ပြပါ။ ကုမ္ပဏီက ငွေအလွဲသုံးစားလုပ်ရအောင် ဘယ်နေ့ဘယ်အချိန် ရောင်းချငွေ ဘိုနီလွှဲပေးထားတာရှိလား။ သူအရောင်းဝန်ထမ်းနဲ့သူရောင်းကြတာ။ ဒီဘရန်း စတင်မိတ်ဆက်စဉ်ကနေ ယနေ့ထိ ၂ နှစ်ကျော် ဘိုနီ လခ အကျိုးအမြတ်ဘာတစ်ခုမှ မရရှိဘူး။ " ဟု မိတ်ကပ် Artistဘို ဘိုနီ (မိုးကုတ်) က ပြောကြားသည်။
မိတ်ကပ်ဘိုဘိုနီ(မိုးကုတ်အပေါ် မတရားစွပ်စွဲထားသည့် ပုဒ်မ (၄၀၈)
အမှုအားပြန်ပိတ်စေလိုတယ် တရားဝင်တောင်းပန်ပေးပါ နောက်ဘိုဘိုနီ AMAZING BEAUTY COSMETICS Company မှ စေတနာထားလုပ်ပေးသည့် အပေါ်အကျိုးအမြတ် ၂ နှစ်စာ ရှိတယ်
ဘာတစ်ခုမှမရဘဲ လုပ်ပေးခဲ့သည့်အပေါ် ဘိုဘိုနီအား ဘဝတစ်လျှောက်မင်နီထိအောင်လုပ်ထားတာတွေ့ ရှိသဖြင့် လက်ရှိမှ ဘိုဘိုနီ(မိုးကုတ်)၏ အရှက်ဂုဏ်သိက္ခာတရား အလုပ်အပေါ်ထိခိုက်မှုများ အတွက်နစ်နာမှုများစွာ အပြင် ၎င်း၏ မိသားစုထံ အမှုနှင့်ပါတ်သက်ပြီ ငွေကြေး
တောင်းယူကာ အမှုပိတ်ပေးမည်ဟုဆိုကာ တောင်းယူသွားခြင်းများ
ရှိပြီ ရှေ့ဆက် အလုပ် လုပ်ကိုင်ရာတွင် အတားအဆီးများရှိကြောင်းသိရသည်။
မိတ်ကပ် Artist ဘိုနီ (မိုးကုတ်) သည် လက်ရှိအချိန်တွင် အခြားနာမည်ကျော် မိတ်ကပ်အမှတ်တံဆိပ် ETUDE HOUSE Myanmar ရဲ့ Brand Ambassador အဖြစ်လုပ်ဆောင်နေပြီး၊ ရုပ်သံလိုင်းကြီးများမှာလည်း မိတ်ကပ်ပညာများဆိုင်ရာ အစီအစဉ်မှာ ရိုက်ကူးတင်ဆက်လျှက်ရှိကြောင်း သိရသည်။

Comments
Post a Comment